ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြား

ပြည် ဇွန် ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာန၊ ပြည်တက္ကသိုလ်အား ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပြည်တက္ကသိုလ်တွင် ကျောင်းအပ်လက်ခံခြင်းကို ယခုနှစ် မေ ၂၃ရက်ကစတင်ခဲ့ပြီး ၂၀၂၂- ၂၀၂၃ပညာသင်နှစ်မှ (ဒုတိယနှစ်ဝက်)တန်းနှင့် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၏ ဒုတိယနှစ်(ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်)တန်းများအပါအဝင် အတန်းအလိုက် အထူးပြုဘာသာရပ်အသီးသီးတွင် ဇွန် ၁ ရက်နေ့ကစတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်းနှင့် အဆောင်နေကျောင်းသား၊ ကျောင်းသူများအပါအဝင် ကျောင်းသား ကျောင်းသူများအားလုံး  စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။

ကိုဆက် (ပြန်/ ဆက်)