မိုင်းခုတ်မြို့၌ ဒေသထွက် မက်မန်းသီးများစျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်မက်မန်းသီးများ စျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း နောင်ပွန်းကျေးရွာမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူဦးစိုင်းခမ်းထံမှ သိရသည်။

မိုင်းခုတ်မြို့တွင် မက်မန်းသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြခြင်း မရှိသော်လည်း မိမိ၏ နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဒေသထွက်မက်မန်းသီးများသည် အရသာထူးကဲကာ အလွန်ချိုကြောင်း ကြိုက်နှစ်သက်သူများပြားကြကြောင်းနှင့် နို့ဆီဗူးတစ်ဗူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

အဆိုပါ မက်မန်းသီးပင်များသည် စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် စတင်အသီးသီးကြောင်းနှင့် နှစ်စဥ်မေလဆန်းတွင်ရင့်မှည့်ကာ ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

သီတာအေး ( ပြန်/ဆက် )