ရွှေဘို ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်းက ယခုလိုမိမိဝန်ထမ်းမိသားစုဝင်များကို တွေ့ဆုံထောက်ပံ့ရသည်မှာ အထူးပင်ဝမ်းသာပိတိဖြစ်ရပါကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေ၊ နိုင်ငံ့အကျိုး၊ ဘာသာသာသနာအကျိုးကိုသယ်ပိုးထမ်းရွက်ပြီး ပညာတတ်လူတော်လူကောင်းများဖြစ်ကြပါစေကြောင်း ဆုတောင်းစကားများပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်သိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းသားကျောင်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား၊ လက်ဘက်ရည်၊ မုန့်စားဖွယ်ရာမျိုးစုံတို့ကို တည်ခင်းကျွေးမွေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သောရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ် နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်သူ၊ စုစုပေါင်း(၄၀)ဦးတို့အတွက်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၉၆၄၅၀၀ိ/) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)