တာချီလိတ် ဇွန် ၄
ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” “Solution to Plastic Pollution” ခေါင်းစဉ်ဖြင့် အထိမ်းအမှတ်ပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အထိမ်းအမှတ်ပိုစတာများစိုက်ထူခြင်းကို တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၏ ရုံးအဖွဲ့ဝင်များမှ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၏ ရုံးရှေ့မျက်နှာစာတွင်လည်းကောင်း၊ တာချီလိတ်မြို့ အမှတ်(၂)တံတားအနီးတွင်လည်းကောင်း၊ အ.ထ.က (တာချီလိတ်)ကျောင်းမျက်နှာစာတွင်လည်းကောင်း၊ နိုင်ငံတော်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရ အ.ထ.က (ဟောင်လိတ်)ကျောင်း၏ မျက်နှာစာတွင်လည်းကောင်း စသည့် နေရာအသီးသီးတွင် စိုက်ထူခဲ့ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့်လည်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ ဖော့ဘူးခွံများကို မြစ်၊ ချောင်း၊ မြောင်းများမှတစ်ဆင့် ပင်လယ်တွင်းသို့ စီးဝင်မှုထိန်းချုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် တစ်ခါသုံးပလတ်စတစ် (Single Use Plastic) သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချသွားရန် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားရန် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရှိရသည်။
အေးအေးလတ်