မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၏ စီမံကြီးကြပ် ဦးဆောင်မတည်မှုဖြင့် လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲဝင်ရောက်ဖြေဆိုသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအား အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်း

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကား​စေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို

တောင်ငူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အခမ်းအနားအား ယနေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day ) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day ) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ( ၉) နာရီက ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ ဆရာ / ဆရာမ များနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည် ။

တိုက်ကြီးမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ဒေသတွင်းတစ်ပိုင်တစ်နိုင်လုပ်ကိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာ ကာလတို သင်တန်းဖြစ်သည့် ဆပ်ပြာရည်၊​ ခေါင်း​လျှော်ရည်၊ ဆပ်​ပြာခဲ၊ လက်သန့်​ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး တိုက်​ကြီးမြို့နယ် ဥက္ကံ​မြို့ ဆင်ဖြူရှင်ရပ်ကွက် အလံတိုင်ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ပညာအလင်းငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပညာအလင်းငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွာကို ကာကွယ်နိုင်ရေး သိရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်လူထုအခြေပြု ဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းတပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တပ်နယ် ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ၊ လူးသုံးကုန်ပစ္စည်းများ၊ ဒံပေါက် ထမင်းဘူးများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့၌ World Environment Day ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၃နှစ် ဇွန်လ(၅)ရက်‌နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့တစ်ဝှမ်း နေရာဒေသအသီးသီးတွင် “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြပါစို.” “Solutions to Plastic Pollution” ဆောင်ပုဒ်ဖြင့် အခမ်းအနားများကို ကျင်းပလျက်ရှိကြရာ မြိတ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ Green Eyes Hotel ခန်းမတွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
Subscribe to