မတ္တရာ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပသော ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီ၃၀မိနစ်အချိန်က မတ္တရာမြို့ အမှတ် (၂) ရပ်ကွက်ရှိ မဟာသိမ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးထက်အောင်-၁ တို့မှ သစ်ပျိုးပင်များကို ပေးအပ်ရာ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များမှ လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ကျွန်း (၃၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ တပေဘူတ(၅၀)ပင်နှင့် စိန်ပန်း (၅၀) ပင်၊ စုစုပေါင်း(၅၀၀)ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးထက်အောင်-၁နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)