မုဒုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မုဒုံ ဇွန် ၅

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ယနေ့နံနက် ၁၀ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှသင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစု တပိုင်တနိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်များဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း၊ မွန်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင်လည်း ဇူလိုင် ၁ ရက်နေ့တွင် လက်ရက်ကန်းသင်တန်း(ဒုတိယအကြိမ်)ကို ဖွင့်လှစ် ပေးသွားမည်ဖြစ်ရာ သင်တန်းသား ၁၀ ဦးအထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းတွင် နည်းပြနှစ်ဦးက အဝတ်လျှော်၊ ပန်ကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ ၊ လျှော်မွေးနှင့် မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ငါးရက်ကြာ အခမဲ့ သင်ကြားပေးသွားမည်ရာ သင်တန်းသား ၁၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)