ရမ်းဗြဲ ဇွန် ၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်များသည် ယနေ့ နံနက်(၁၁)နာရီအချိန်က ရမ်းဗြဲမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၂၀၂၃)ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားကို တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို (၂၀၂၁-၂၀၂၂)နှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ပေးဆပ်သည့်တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး (၂၀၂၃)ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကျပ် (၄၃၅၀၀)သိန်းကိုရမ်းဗြဲမြို့နယ်၌ထုတ်ချေးပေးရန်လျာထားပြီး ယခုအခါ ကနဦးခွင့်ပြုငွေကျပ် (၁၈၀၀၀)သိန်းရရှိထားပြီးဖြစ်၍ ပုန်းဆိုးပြင်ကျေးရွာတောင်သူ (၁၀၈)ဦးသို့ စပါးစိုက်ဧက (၃၉၈)ဧကအတွက် တစ်ဧကလျှင်(၁၅၀၀၀၀)နှုန်းဖြင့် ချေးငွေကျပ် (၅၉၇) သိန်းကို ထုတ်ချေးပေးလျက်ရှိသည်။
(၂၀၂၁-၂၀၂၂)ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ပေးဆပ်ထားသည့် ကျေးရွာ/အုပ်စုများသို့လည်း ချေးငွေလျှောက်လွှာများ ပေးထားပြီးဖြစ်၍(၂၀၂၃)ခုနှစ်၊မိုးရာ သီစိုက်ပျိုး စရိတ်ချေးငွေများကို စဉ်ဆက်မပြတ်ထုတ်ချေးပေးနိုင်ရေးဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ရမ်းဗြဲ မြို့နယ်အတွင်းမှ (၂၀၂၁-၂၀၂၂)ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် အမြန်ဆုံးပြန်လည်ပေးဆပ်၍ (၂၀၂၃)ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေအသစ် ပြန်လည်ထုတ်ချေးရန်အတွက်လည်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ နှိုးဆော်တိုက်တွန်းထားရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်