ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေး (Talk Show)  ကျင်းပ

ခရမ်း ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀  နာရီက ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အား ခရမ်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေနှင့် အငယ်တန်းစာရေး ဒေါ်အိအိငြိမ်းတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ရန်၊ သစ်ပင်သစ်တောများ စိုက်ပျိုးရန်နဲ့ ရှင်သန်အောင်ထိန်းသိမ်း‌ရေး၊ ပိုးသတ်ဆေးတွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ကြဖို့၊ လျှပ်စစ်မီးကို လိုအပ်သလောက်သုံးစွဲ၍၊ ရေကိုဆုံးရှုံးမှုမဖြစ်စေရေး ချွေတာသုံးစွဲရန်၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ လူသားတွေ ဆက်လက်ရပ်တည်နိုင်ဖို့ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာကျင့်သုံး ဆောင်ရွက်သင့်သည်များကို ပြည်သူများသိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေးနွေး‌ ပြောကြားခဲ့‌ကြောင်း သိရသည်။

ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့်အသိပညာပေး ဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)