လွယ်ဂျယ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

လွယ်ဂျယ် ဇွန် ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ပေါက်ဖွားနိုင် သည့် ရေစည်၊ ရေအိုး၊ ရေကန်များ၊ ကားတာယာများအတွင်း အဘိတ်ဆေးထည့်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်း များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများရပ်ကွက်နေအိမ်များသို့ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ် (ပြန်/ဆက်)