တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်များအား ဆိုင်းဘုတ်စိုက်ထူ၍ အသိပညာပေးဆောင်ရွက်

ညောင်လေးပင် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် ဈေးကွက်အတွင်းရောက်ရှိနေသည့် တရားမဝင်ဆေးဝါးများဆိုင်ရာအချက်အလက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဗီနိုင်းပိုစတာဆိုင်းဘုတ်များစိုက်ထူ၍ အသိပညာပေးဆောင်ရွက်ခြင်းကို ဇွန်လ ၇ ရက် နံနက် ၁၀ နာရီအချိန်က လူစည်ကားရာ မြို့မစျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်သိုက် မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် ဝန်ထမ်းများကဌာနဆိုင်ရာအကြီးအကဲများနှင့်ပူးပေါင်း၍ လူစည်ကားရာမြို့မဈေးနှင့် မီးရထားဘူတာရုံ နေရာများတွင် ဆိုင်းဘုတ်စိုက်ထူပေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဗီနိုင်းတွင် အင်္ဂလန်နိုင်ငံ Astra Zeneca Company မှထုတ်လုပ်သည့် Creator 10 mg အမျိုးအစားဈေးကွက်အတွင်း တရားမဝင်ရောင်းချနေမှုနှင့်စပ်လျဉ်း၍ Creator  10 mg Tablet အတု/အစစ်နှင့် တရားမဝင်ဆေးဝါး(၁၇)မျိုးတို့၏ဓာတ်ပုံနှင့် အချက်အလက်များပါဝင်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်