ကမမောင်းမြို့တွင် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးများခတ်ခြင်းဆောင်ရွက်

ကမမောင်း ဇွန် ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးတွင်းကာလ ရောက်ရှိလာပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများ သွေးလွန်တုတ်ကွေး အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ကစ၍  ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက ဦးဆောင်၍ ကမမောင်းမြို့တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများက ရပ်ကွက်နေပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ ကင်းဝေးစေရေး၊ ကျန်းမာစွာနေထိုင်စေရေးနှင့် ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးတို့အတွက်  အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို လစဉ်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)