သာယာဝတီ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးဦးကျကာလဖြစ်ပွားတတ်သောရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက စံရွေးကျေးရွာနှင့် အောက်လက်ပံခုန်ကျေးရွာတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို စံရွေးအုပ်စု၊ စံရွေးရွာအခြေခံပညာကျောင်းနှင့် အောက်လက်ပံခုန်ကျေးရွာ အခြေခံပညာစာသင်ကျောင်းများ၌ ကျေးရွာလူထုဖြင့် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါများ၊ မေးခိုင်နှင့် အခြားကျန်းမာရေးအကြောင်းအရာများအား ဟောပြောဆောင်ရွက်ခဲ့ရာ ပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)