မော်လိုက် ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် မြို့နယ်အထွေထွေဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးရာရှိ ဒေါ်ယဉ်ယဉ်လှက ကလေးသူငယ်အခွင့်ရေးဆိုင်ရာများ၊ အသက်အရွယ်အလိုက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးပဒေအရာရှိ ဦးမြတ်သူရဇော်က ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်းစေခြင်းခံရသော ကလေးသူငယ်များ ဖယ်ရှားနိုင် ရေး၊ ပြန်လည်ကုစားနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်