ဘီးလင်းမြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ဘီးလင်း ဇွန် ၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ်ရုံး (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ရခြင်းကို ရှင်းလင်း ပြောကြားပြီး ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စားသုံးသူ များအနေဖြင့် Online မှကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းဖြင့်အရည် အသွေးကွဲလွဲမှုရှိခြင်း၊ စားသုံးသူများထံမှ အခကြေးငွေယူ၍ ဆက်သွယ်၍မရခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာအတုများ ပြုလုပ်၍ လိမ်လည်လှည့်ဖျားခြင်းတို့ ခံရတက်သဖြင့် စားသုံးသူများအနေဖြင့် လိမ်လည်လှည့်ဖျားခြင်း မခံရအောင် page တွင် ဆက်သွယ်ရန် လိပ်စာ ရှိ၊ မရှိစုံစမ်းခြင်း၊ စားသုံးသူ  အများစု လက်ခံယုံကြည်ပြီး အားပေးမှု ရှိ၊ မရှိစုံစမ်းခြင်း၊ လုံခြုံစိတ်ချရသော ငွေပေးချေမှု စနစ်များဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်၊ မဖြစ်လေ့လာသိရှိထားရန် လိုအပ်ကြောင်း ​ဆွေး​နွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး နော်အေးမို့မို့က စားသုံးသူများအနေဖြင့်  ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၏ official Website များတွင်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ DOCA Myanmar Mobile Application နှင့် Consumer Call Center နံပါတ်(1535)တို့ဖြင့် တိုင်ကြားမှု ပြုလုပ်နိုင်ကြောင်း ဆွေးနွေပြောကြားခဲ့သည်။

ဘီးလင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာ ပေးTalk Showဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် စာသင်ကျောင်းများနှင့် ပြည်သူ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)