မလှိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ကျင်းပသွားမည်

မလှိုင် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပညှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက်ပိုင်း မြို့နယ်ပြန်/ဆက်ရုံး Community Center  ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းက ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ယင်းနောက် တက်ရောက်လာသည့် စာပေချစ်သူများအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ စာစီစာကုံး၊ ကဗျာရေးစပ်နည်းနှင့် ကျပန်းစကားပြောပြိုင်များ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများတွင် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၌  မူးယစ်ဆေးဝါးအန္တရာယ် စုပေါင်းကာကွယ်ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အလယ်တန်းဆင့် ကဗျာရေးစပ်နည်းပြိုင်ပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ် စုပေါင်းကာကွယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ကျပန်းစကားပြောပြိုင်ပွဲတွင် အနာဂါတ်ပန်းများပွင့်လန်းဖို့ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ကြစို့  ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများကို ပထမဆု (၇ဝဝဝ) ကျပ်၊ ဒုတိယဆု (၅ဝဝဝ)၊ တတိယဆု (၃ဝဝဝ) ကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အောင်ဌေး(မလှိုင်)