ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိန္တလီ  ဇွန်   

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ ညနေပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကျန်းမာရေး ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက်လူနေအိမ်များတွင်ထားရှိသော ရေစည်ပိုင်းများ၊ ရေကန်များ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော နေရာများသို့ ပိုးလောက်လမ်းသေစေသည့် အဘိတ်ဆေးများခတ်ပေးခြင်းနှင့် နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်လင်း