မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းခတ် ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက ဌာနဆိုင်ရာများအနေဖြင့် မိုးရာသီကာလရောက်ရှိပြီဖြစ်၍ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် မိုးရာသီ‌ ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်မည့် အစီအစဉ်များ၊ မိုးသီးနှံစိုက်ပျိုးမှုအထွက်နှုန်းများ ဧကပြည့်မီ‌ရေး ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်စီးနင်းကြရန်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို တစ်ပတ်(၁)ကြိမ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြေခံပညာကျောင်းတွင်‌ လုံခြုံရေးတာဝန်ကျဌာနဆိုင်ရာများမှ မိမိတာဝန်ကျ‌နေ့များတွင် မပျက်မကွက် သွားရောက်တာဝန်ယူပေးကြပါရန်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ အောင်အောင်မြင်မြင်နှင့် အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှ ဆောင်ရွက်ချက်တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)