ကျွန်းလှ ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန် ၉ ရက်နေ့နံနက် ၆ နာရီက သက်ဆိုင်ရာ စစ်ဌာနများ၌ ထုတ်ပြန်ကြေညာရာ ကျွန်းလှမြို့နယ်တွင် ၇၂ ဒသမ ၇၅ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တ္ငင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ကျား ၈၅ ဦး၊ မ ၁၂၄ ဦး၊ စုစုပေါင်း ၂၀၉ ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၅၁ ဦး ၇၂ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ငါးဘာသာ ၆ ဦး၊ လေးဘာသာ ၈ ဦး၊ သုံးဘာသာ ၂၁ ဦး၊ နှစ်ဘာသာ ၁၅ ဦး၊ တစ်ဘာသာ ၄၃ ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ ၉၃ ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ