ပေါက်ခေါင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး ၊ ပေါက်ခေါင်းမြို့၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာအောင်ချက် ၆၇ ဒဿမ ၄၆ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာန(၁)ခုတွင် ကျောင်းသားကျောင်းသူဖြေဆိုသူ(၃၃၅)ဦးရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဦးရေမှာ (၂၂၆)ဦးရှိခဲ့ပြီး ဂုဏ်ထူးရကျောင်းသားကျောင်းသူဦးရေ (၁၀၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆၁)ဦးရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)