ဘီးလင်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၇၂.၂ ရာခိုင်နှုန်းဖြေဆို အောင်မြင်

ဘီးလင်း ဇွန် ၉

၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ မြန်မာတစ်နိုင်ငံလုံးတွင် ထွက်ရှိလျက်ရှိရာ မွန်ပြည်နယ်ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၃၁၄ ဦးရှိကြောင်းသိရသည်။

ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ(၄၃၅)ဦးရှိပြီး ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၃ ဦး ၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်၈၇ ဦး၊ ရိုးရိုးအောင် ၁၆၇ ဦး စုစုပေါင်း(၃၁၄)ဦးအောင်မြင်ခဲ့ပြီး စုစုပေါင်းအောင်ချက်ရာခိုင်နှုန်း ၇၂.၂၀ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ် (ပြန်ဆက်)