မအူပင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာန များတွင် ထုတ်ပြန် ကြေညာခဲ့သည်။ မအူပင်မြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျား(၂၇၀)ဦး၊ မ(၄၀၂)ဦး၊ ဖြေဆိုသူစုစုပေါင်း (၆၇၂)ဦးရှိရာ အောင်မြင်သူဦးရေ ကျား(၁၇၀)ဦး၊ မ(၂၇၁)ဦး၊ စုစုပေါင်း (၄၄၁)ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၅.၆၃ ရာခိုင်နှုန်း အောင်မြင် ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မအူပင်မြို့နယ်မှ (၁)ဘာသာဂုဏ်ထူး ရရှိသူ(၆)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ(၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၄) ဦး၊ (၄)ဘာသာဂုဏ်ထူး ရရှိသူ(၄)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရှိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)