မော်လိုက်မြို့၌  ၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း  ထုတ်ပြန်ကြေညာ

မော်လိုက်             ဇွန်          ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးနှင့် အထက ကျောင်းတို့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

မော်လိုက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန နှစ်ခုဖြစ်သည့် အထက(မော်လိုက်) နှင့် အထက(ကင်းတပ်)တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖြေဆိုသူ ပေါင်း(၁၉၇)ဦး ပါဝင် ဖြေဆိုခဲ့၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ စုစုပေါင်း(၁၄၁)ဦး ရှိခဲ့ပြီး၊ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ အနေဖြင့်  တစ်ဘာသာ ဂုဏ်ထူး(၂၅) ဦး၊ နှစ်ဘာသာ ဂုဏ်ထူး(၂၂)  ဦး၊ သုံးဘာသာဂုဏ်ထူး(၁၈) ဦး၊ လေးဘာသာဂုဏ်ထူး(၁) ဦး  ဂုဏ်ထူးရ ကျောင်းသား/သူ စုစုပေါင်း(၆၆)ဦး ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

မော်လိုက်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းမှာ(၄၈.၅၄) ရာခိုင်နှုန်း သာ ရှိခဲ့ပြီး၊ ယခု ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း(၇၁.၅၇)ရာခိုင်နှုန်း ရှိလာသဖြင့် ယခုနှစ်တွင် အောင်မြင်သူရာခိုင်နှုန်း ယခင်နှစ်ကထက် တိုးတက်လာကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

ခရိုင်ပြန်/ဆက်