ခရမ်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက အောင်စာရင်းထုတ်ပြန်ခဲ့ရာ ဖြေဆိုသူ (၃၀၈)ဦးတွင် အောင်မြင်သူ (၂၂၃)ဦးတွင် (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာ(၇)ဦး၊ (၃)ဘာသာ(၉)ဦး၊ (၂)ဘာသာ(၂၀)ဦး၊ (၁)ဘာသာ(၆၉)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၀၇)ဦးနှင့်ရိုးရိုးအောင် (၁၁၆)ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၇၂.၄၀ %) ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်စာစစ်ဌာနတွင် မြန်မာစာဂုဏ်ထူးရသူ(၁၀)ဦး၊ သင်္ချာ(၈)ဦး၊ ဓာတု(၁၅)ဦး၊ ရူပ(၃၄)ဦး၊ ဇီဝ(၄၀)ဦး၊ ပထဝီ(၁)ဦး၊သမိုင်း(၁)ဦး၊ဘောဂ(၆၅)ဦး ဂုဏ်ထူးရသူပေါင်း (၁၀၇)ဦးရှိကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)