သီပေါ ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင်စာစစ်ဌာန(၂)ခု၌ကျောင်းသား၊ ကျောင်းသူ(၁၈၈)ဦးဖြေဆိုခဲ့ရာ (၁၀၉)ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၅၇.၉၈%)ဖြစ်ကြောင်းနှင့် (၄)ဂုဏ်ထူးရရှိသူ(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၃)ဦး၊ (၁)ဘာသာဂုဏ်ထူး ရရှိသူ(၁၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)