ဒလမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများထုတ်ပြန်

ဒလ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာပေးထားလျက်ရှိကြောင်းသိရသည်။

ဒလမြို့နယ်တွင် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုကျင်းပခဲ့ရာ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၄၇၈)ဦး ဝင်ရောက်ဖြေဆို၍ အောင်မြင်သူ(၃၀၄)ဦးရှိကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်သူ  ငါးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ နှစ်ဘာသာဂုတ်ထူးရှင်(၁၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၆၂)ဦးစုစုပေါင်း(၉၆)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရှိရသည်။

မြင့်ဇော်(ပြန်/ဆက်)