အ.ထ.က(မအီ)နှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၇၆ ဦးရှိ

မအီ     ဇွန်    ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာတွင် အ.ထ.က(မအီ)နှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၇၆ ဦးရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို အ.ထ.က(မအီ)စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ ၁၂၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၆၅ ဦးရှိသည့်အနက်မှ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၃)ဦးရှိပြီး အောင်ချက်ရာနှုန်းမှာ ၄၅.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အ.ထ.က(လမူးမော်) စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၄၅ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၀ ဦးရှိသည့်အနက်မှ (၁)ဘာသာဂုဏ်ထူးရှင်(၄)ဦးရှိပြီး အောင်ချက်ရာနှုန်းမှာ ၄၄.၄ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြပါ စာစစ်ဌာန(၂)ခုမှ အောင်မြင်သူစုစုပေါင်း(၇၆)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)