ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ငပုတော ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပညာရေးမှူးရုံးနှင့် ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ငပုတောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်​ဖြေဆိုသူ (၁၁၂၁)ဦးရှိကာ အောင်မြင်သူ(၇၄၃)ဦးရှိပြီး (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၅၇)ဦး၊ (၂)ဘာသာဂုဏ်(၈၆)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၆၇)ဦးတို့ရှိပြီး အောင်ချက် ရာခိုင်နှုန်း (၆၆.၂၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်သူ (ပြန်/ဆက်)