ကန်ကြီး‌ထောင့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ၆၈.၄၄ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

ကန်ကြီး‌ထောင့် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာန ၉ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၆၈.၄၄ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကန်ကြီး‌ထောင့်မြို့နယ်တွင် ဌာစစ်ဌာန ၉ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ(၇၁၃)ဦးရှိရာ ဖြေဆို အောင်မြင်သူ(၄၈၈)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၆၈.၄၄ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ကြောင်း (၁)ဘာသာ ဂုဏ်ထူး(၁၃၃)ဦး၊ (၂)ဘာသာဂုဏ်ထူး(၆၁)ဦး၊ (၃)ဘာသာဂုဏ်ထူး(၅၄)ဦး၊ (၄)ဘာသာဂုဏ်ထူး (၁)ဦးထွက်ရှိ ကြောင်းနှင့် အဆိုပါ စာစစ်ဌာန အသီးသီးရှိ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား၊‌ ကျောင်းသူမိဘများမှ ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)