၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အုတ်တွင်းမြို့နယ်မှ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၆၅ ဖြင့်အောင်မြင်

အုတ်တွင်း ဇွန် ၉

၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့နံနက် ၆ နာရီမှစတင်ကြေညာပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၆၅ ဖြင့်အောင်မြင်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်ရှိ အုတ်တွင်း၊ ကျွဲပွဲ၊ တပ်နယ်၊ ထန်းကုန်းစာစစ်ဌာနလေးခုမှ ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ ကျား/ မဦးရေ ၄၅၅ ဦး၊ဝင်ရောက်ဖြေဆိုသူ ကျား/ မ စုစုပေါင်း ၄၀၂ ဦးရှိပြီး အောင်မြင်သူ ၂၈၄ ဦးရှိသည်။

အဆိုပါ အောင်မြင်သူများတွင် လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၈၅ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၁၀၇ဦး ပေါ်ထွက်ခဲ့ပြီး ‌အုတ်တွင်းမြို့နယ်မှ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ၆၅ ဖြင့်အောင်မြင်မှုရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေမင်းရည်စော(ပြန်/ ဆက်)