ဖြူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား (၇၂.၆၂) ရာခိုင်နှုန်းအောင်မြင်

ဖြူး ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်သူစာရင်းများကို စာစစ်ဌာန(၂)ခုဖြစ်သည့် ဖြူး အ.ထ.က(၁) ကျောင်းနှင့် ကညွတ်ကွင်း အ.ထ.က(၁)ကျောင်းတို့တွင် ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ထုတ်ပြန်ခဲ့ရာ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း (၇၂.၆၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၃၆) ဦးတွင် (၅၀၄) ဦးဖြေဆိုခဲ့ရာ (၃၆၆) ဦး အောင်မြင်၍ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းမှာ (၇၂.၆၂)ရာခိုင်နှုန်းရှိကြောင်း၊ (၅) ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ(၁၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၁ဝ) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရရှိသူ (၂၆) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၉၆) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)