စစ်ကိုင်း ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၃)ခရိုင်နှင့် နာဂဒေသတို့မှ စာစစ်ဌာနများ၏ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်း က ထုတ်ပြန်ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၆၅ ဒသမ ၆၁ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူ၊ မုံရွာ၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကလေး၊ တမူး၊ မော်လိုက်၊ ခန္တီး၊ ဟုမ္မလင်း စသည့် ခရိုင်(၁၃)ခရိုင်နှင့် နာဂဒေသတို့ အပါအဝင် စုစုပေါင်းမြို့နယ် (၃၁)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၅၂)ခုတွင် ဝင်ရောက် ဖြေဆိုသူပေါင်း ၉၉၃၈ ဦး၊ အောင်မြင်သူ ၆၅၂၀ ဦး၊ အောင်ချက်ရာခိုင်နှုန်းမှာ ၆၅ ဒသမ ၆၁ အောင်မြင်ခဲ့ပြီး စစ်ကိုင်းခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၁၂၃၁ ဦး၊ အောင်မြင်သူ ၈၂၄ဦး၊ အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၉၄၊ ရွှေဘိုခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၅၄၃ ဦး၊ အောင်မြင်သူ ၃၆၁ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၄၈၊ ရေဦးခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၈၃ ဦး၊ အောင်မြင်သူ ၅၅ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၂၇၊ ကန့်ဘလူခရိုင်တွင် ဝင်ရောက် ဖြေဆိုသူ ၁၀၃၆ ဦး၊ အောင်မြင်သူ ၇၆၅ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၃ ဒသမ ၈၄၊ မုံရွာခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၆၉၉ ဦး၊ အောင်မြင်သူ ၃၈၅ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၀၈၊ ယင်းမာပင်ခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၆၂ ဦး၊ အောင်မြင်သူ ၂၂ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၄၈၊ ကသာခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၁၁၈၉ ဦး၊ အောင်မြင်သူ ၈၈၈ ဦး၊ အောင်ချက် ရာခိုင်နှုန်း ၇၄ ဒသမ ၆၈၊ ကောလင်းခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၁၇၅ ဦး၊ အောင်မြင်သူ ၁၁၀ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၈၆၊ ကလေးခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၁၅၄၇ ဦး၊ အောင်မြင်သူ ၁၁၀၅ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၁ ဒသမ ၄၃၊ တမူးခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၂၁၄ ဦး၊ အောင်မြင်သူ ၁၆၅ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၁ ဒသမ ၄၃၊ မော်လိုက်ခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၆၇၄ ဦး၊ အောင်မြင်သူ ၄၁၈ဦး၊ အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၀၂၊ ခန္တီးခရိုင် တွင် ဝင်ရောက်ဖြေဆိုသူ ၂၉၃ ဦး၊ အောင်မြင်သူ ၁၃၉ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၄၄၊ ဟုမ္မလင်းခရိုင်တွင် ဝင်ရောက်ဖြေဆိုသူ ၁၅၀၇ ဦး၊ အောင်မြင်သူ ၉၄၂ဦး၊ အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၅၁၊ လေရှီး၊ လဟယ်၊ နန်းယွန်းနာဂဒေသတို့တွင် ဝင်ရောက်ဖြေဆိုသူ ၆၈၅ ဦး၊ အောင်မြင်သူ ၃၄၁ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၇၈၊ အသီးသီးအောင်မြင်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်ဘာသာဂုဏ်ထူးရှင် ၁၄၂၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇၅၈ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၀၈ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅၈ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၇၃ ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၃၂ ဦးဂုဏ်ထူးရရှိခဲ့ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)