ကြို့ပင်ကောက် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၃၂၅ ဦးတွင် ၂၅၇ ဦးအောင်မြင်ခဲ့ကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က(ကြို့ပင်ကောက်) စာစစ်ဌာန၊ အ.ထ.က(ပန်းတင်)စာစစ်ဌာန၊ အ.ထ.က(ရွှေပန်းတော) .စာစစ်ဌာနနှင့် အ.ထ.က(လယ်တီ) စာစစ်ဌာနဟူ၍ စာစစ်ဌာန(၄)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ(၃၂၅)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၇၉ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် စုစုပေါင်း(၂၅၇) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင်(၁၀၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၃၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၅)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့် ရိုးရိုးအောင်(၉၅)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြပြီး တစ်ရာရာခိုင်နှုန်းဖြင့် အောင်မြင်သော အ.ထ.ကခွဲ ကျွန်းကုန်းကြီး ၊ အ.ထ.ကခွဲ ကြခတ္တန်းကြီးနှင့် ကောင်းကင်သစ် ကိုယ်ပိုင်အထက်တန်း ကျောင်းတို့က အောင်မြင်ခဲ့ကြကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)