ပလောက်မြို့စာစစ်ဌာန(၁)ခု၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာပေးလျက်ရှိ

ပလောက်    ဇွန်  ၉

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက် နံနက်၆နာရီအချိန်မှစ၍ တစ်နိုင်ငံလုံး ရှိစာစစ်ဌာနများတွင်ထုတ်ပြန်ကြေငြာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း သင်ပုန်းတွင် ကပ်ထားကြေညာ ပေးထားရာ ကျောင်းသား/သူများ၊မိဘအုပ်ထိန်းသူ များ လာရောက်ကြည့်ရှုသူ များပြား ကြောင်း သိရှိရ သည်။

ပလောက်မြို့စာစစ်ဌာနတွင်( ပြင်ပဖြေ)ကျောင်းသား/ကျောင်းသူ ( ၈၁ )ဦးဖြေဆိုကြရာ (၅၂)ဦး အောင်မြင်ကြသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၄.၂၀) ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ တစ်ဘာသာဂုဏ်ထုးရှင် (၆)ဦး နှင့်ရိုးရိုးအောင်မြင်သူ (၄၀) ဦးရှိကြောင်း ပညာရေးဌာန သိရှိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာထားရှိရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့်ဆရာ/မများ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းကော်မတီအဖွဲ့များက လုံခြုံရေးစောင့်ကြပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

နှင်းမြူလွင်