ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး  နံရံကပ်ပြပွဲပြုလုပ်

ကော့သောင်း   ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးနှင့်အဖွဲ့တို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်ပြပွဲ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ နံရံကပ်ပြပွဲများပြသရာတွင် ကအးမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပလတ်စတစ် ထုတ်လုပ်သုံးစွဲနေမှုနှင့် စွန့်ပစ်ပစ္စည်းအဖြစ်ထွက်ရှိမှုပမာဏများ၊ လူသားတို့၏ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့၊ မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များစသည့် နံရံကပ်ပြဘုတ်များပြသထားရာ ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့တို့က ရှင်းလင်းပြောပြခဲ့ပြီး ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)