နွားထိုးကြီး ဇွန် ၉
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ယနေ့ နံနက် ၆ နာရီ အချိန်က စတင်ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ၄၇၅ ဦး ရှိပြီး၊ ဖြေဆိုသူ ၄၂၈ ဦး၊ အောင်မြင်သူ ၂၈၁ ဦးရှိသည့်အနက် ၅ ဘာသာဂုဏ်ထူး (၂) ဦး၊ ၄ ဘာသာဂုဏ်ထူး (၅) ဦး ၊ ၃ ဘာသာဂုဏ်ထူး (၂၁) ဦး၊ ၂ ဘာသာဂုဏ်ထူး (၃၃) ဦး၊ ၁ ဘာသာ ဂုဏ်ထူး (၆၇) ဦး၊ ရိုးရိုးအောင်မြင်သူ (၃၀၀)ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း (၆၆) ရာခိုင်နှုန်း ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် လူကိုယ်တိုင်လာရောက်မကြည့်ရှုသူများ သည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website စာမျက်နှာမှ စာမေးပွဲအောင်စာရင်းကြည့်သူများ ရှိကြောင်းသိရသည်။
သန်းအောင်ဇော်