တံတားဦး ဇွန် ၉
၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နိုင်ငံတစ်ဝန်း၌ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ တံတားဦးခရိုင် တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးတို့တွင် ထုတ်ပြန်ထားကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လတွင် ကျင်းပခဲ့ရာ တံတားဦးမြို့၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း(၆၈)ဦးရှိပြီး အောင်မြင်သူ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း (၅၀)ဦး ရာခိုင်နှုန်းအားဖြင့် (၇၄.၆၃)ရာခိုင်နှုန်းရှိပါကြောင်း ၊ ကျောင်းပြင်ပ ဖြေဆိုသူ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း(၅၀၅)ဦးရှိသည့်အနက် အောင်မြင်သူပေါင်း(၄၆၄)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်(၇၀.၂၆) ရာခိုင်နှုန်းရှိကြောင်းသိရသည် ။
တံတားဦးမြို့နယ် အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင် ခဲ့သူများတွင် ဘာသာစုံဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၃၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၉၃) ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၆၄)ဦးရှိပြီး ရိုးရိုးအောင်မြင်သူ( ၂၁၂)ဦး ရှိပါကြောင်းမြို့နယ်ပညာရေးမှူး ဒေါ်စန်းဥ ထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)