တောင်သာ ဇွန် ၉
တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ယနေ့ နံနက် ၆ နာရီ အချိန်က စတင်ပြီး ထုတ်ပြန် ကြေညာပေးကြောင်း သိရသည်။
"တောင်သာမြို့နယ်အတွင်းက စာစစ်ဌာနကျောင်းများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ဒီနေ့မနက် ၆ နာရီအချိန်က စတင်ပြီးထုတ်ပြန်ကြေညာပေးထားပါတယ်။ တောင်သာမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ စာရင်းရှိ ကျား၊ မ စုစုပေါင်း (၇၅၄) ဦး၊ ဖြေဆို ကျား၊ မ စုစုပေါင်း (၆၇၉) ဦး၊ အောင်မြင်သူဦးရေ ကျား၊ မ စုစုပေါင်း (၅၁၀) ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၉၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆၉) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၇၉) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၉) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂) ဦး ရှိပြီး အောင်ချက် ရာခိုင်နှုန်းမှာ ၇၅.၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်"ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ်အတွင်းရှိ စာစစ်ဌာန(ကျောင်း)များတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာထားမှုကို လူကိုယ်တိုင်လာရောက်ကြည့်ရှုကြသူများရှိသကဲ့သို့ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၏ Website စာမျက်နှာမှ စာမေးပွဲအောင်စာရင်း ကြည့်ရှု့သူများ လည်း ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)