သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

သပိတ်ကျင်း    ဇွန်    ၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းကို  ဇွန် ၉ ရက်နံနက် (၆)  နာရီကသပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်းရှိ(၄၂၇ )ဦး၊ ဖြေဆိုပေါင်း (၃၈၀) ဖြေဆိုခဲ့ရာ အောင်မြင်သူ(၂၃၄)ဦးရှိပြီး  (၆၁.၅၈) ရာခိုင်နှုန်းအောင်မြင်ကြောင်းသိရသည်။

သပိတ်ကျင်းမြို့တွင် (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၈ )ဦး၊နှစ်ဘာသာဂုဏ်ထူးရှင် (၁၅ )ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၄၉) ဦးရှိပြီး စုစုပေါင်းဂုဏ်ထူးရှင် (၇၅ )ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)