ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ၅၅.၅ ရာခိုင်နှုန်းအောင်မြင်

ပြည်ကြီးမဏ္ဍိုင်     ဇွန်      ၉

၂၀၂၃ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်တွင်ကျင်းပခဲ့ရာ အောင်မြင်သူများစာရင်းအား ယနေ့ နံနက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ  သက်ဆိုင်ရာစာစစ်ဌာနများတွင်ကြေညာပေးလျက်ရှိရာ ပြည်ကြီးမဏ္ဍိုင်မြို့အခြေခံပညာအထက်တန်းကျောင်း၌လည်း ထုတ်ပြန်ထားကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း၊ ဘုတ်ပြင်းမြို့ စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ(၉)ဦးဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာအောင်မြင်သူ (၅)ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်းမှာ ၅၅.၅ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)