မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ရာ အောင်ချက်ရာခိုင်နှုန်း ၆၆.၀၈ ရာခိုင်နှုန်းရှိ

မြောက်ဥက္ကလာပ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက် ၄ နာရီက စာစစ်ဌာနများဖြစ်သည့် အ.ထ.က()၊ အ.ထ.က()၊ အ.ထ.က()ကျောင်းများတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် စာစစ်ဌာန(၇)ခု၌ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၃၉ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀၁၇ ဦးဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၆.၀၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဂုဏ်ထူးရရှိမှုမှာ (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၈၈)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင်(၁၈၈)ဦး၊ ရိုးရိုးအောင်မြင်သူ(၆၅၆)ဦး၊ စုစုပေါင်း (၁၀၁၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအဆင်ပြေ ကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)