ဘားအံ ဇွန် ၉
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအသီးသီးတွင်ကျင်းပခဲ့ပြီး ယနေ့ ဇွန်လ ၉ ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website တို့တွင် အောင်စာရင်းများထုတ်ပြန်ကြေညာခဲ့ရာ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ တွင် ကရင်ပြည်နယ်မှ (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ(၆၈၃)ဦးရှိပြီး အောင်မြင်သူ ၆၅ ဒဿမ ၅၅ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ခြောက်ဘာသာဂုဏ်ထူးရရှိသူ(၃)ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ(၆)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၂၅)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၃၂၅ဦး ရှိပြီး ဖြေဆိုသူ ၁၁၇၅ ဦးအနက် ၈၁၀ ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၆၈ ဒဿမ ၉၄ ရာခိုင်နှုန်းရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် ငါးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ(၃)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၉)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၉၆ ဦး ရှိပြီး ဖြေဆိုသူ ၃၁၆ ဦးအနက် ၂၂၆ ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၇၁ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ငါးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ (၆)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၃၃)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၁၂၅ ဦးရှိပြီး ဖြေဆိုသူ ၂၉၅ ဦးအနက် ၂၁၁ ဦး အောင်မြင်ကာ အောင်မြင်ရာနှုန်း ၇၁ ဒဿမ ၅၃ ရာခိုင်နှုန်းရှိကြောင်း၊ ဖာပွန်မြို့နယ်တွင် တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၈ ဦးရှိပြီး ဖြေဆိုသူ ၈၇ ဦးအနက် ၅၂ ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၅၉ ဒဿမ ၇၇ ရာခိုင်နှုန်းရှိကြောင်း၊ သံတောင်ကြီးမြို့နယ်တွင် သုံးဘာသာဂုဏ်ထူးရရှိသူ(၆)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၂၃ ဦးရှိပြီး ဖြေဆိုသူ ၈၃ ဦး အနက် ၄၀ ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၄၈ ဒဿမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ မြဝတီမြို့နယ်တွင် လေးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၃)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၃၆ ဦး ရှိပြီး ဖြေဆိုသူ ၂၇၅ ဦးအနက် ၁၃၆ ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၄၉ ဒဿမ ၄၅ ရာခိုင်နှုန်းရှိကြောင်း၊ ကော့ကရိတ်မြို့နယ် တွင် ငါးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၂)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၆၀ ဦးရှိပြီး ဖြေဆိုသူ ၃၀၉ ဦးအနက် ၁၉၀ ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၆၁ ဒဿမ ၄၉ ရာခိုင်နှုန်းရှိကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)