ကြံခင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း   ဇွန်   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များပူးပေါင်းပြီး  ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်နဲ့အခွင့်အလမ်း"စာအုပ်ဖြင့်  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမြင့်က "လူငယ်နဲ့အခွင့်အလမ်း"စာအုပ်မှ အနာဂတ်လူငယ်များ ကိုယ့်နေရာ၊  ကိုယ့်တာဝန်၊  ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်လျှင် တိုးတက်သောဘဝများ ပိုင်ဆိုင်ရမှာဖြစ်ကြောင်းစတဲ့အချက်များရေးသားထားခြင်းကို  ဦးဆောင်ဆွေးနွေးရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက  မိမိတို့၏ သဘောထားအမြင်များကို ဆွေးနွေးကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်များအတွက် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်(ပြန်/ဆက်)