ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၈၂.၇၁%ဖြင့် အောင်မြင်

ဝမ်းတွင်း ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၈၂.၇၁%ဖြင့် အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၃)ခုဖွင့်လှစ်၍ ကျောင်းသားကျောင်းသူ(၈၀၄)ဦးမှ ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ(၆၆၅)ဦးရှိခဲ့ပြီး ဂုဏ်ထူးရ ဘာသာရပ်များအနေဖြင့် (၆)ဘာသာ(၁)ဦး၊ (၅)ဘာသာ(၆)ဦး၊ (၄)ဘာသာ(၂၆)ဦး၊ (၃)ဘာသာ(၅၂)ဦး၊ (၂)ဘာသာ(၇၅)ဦး၊  (၁)ဘာသာ(၁၉၄)ဦးတို့ရှိကြောင်းသိရသည်။ ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် အောင်ချက်အားဖြင့် (၈၂.၇၁%) ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်