ကံမမြို့နယ်  သပြင်ဆောင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင်  ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက်  ကွင်းဆင်း  ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နေ့လယ် (၁)  နာရီက ကံမမြို့နယ် ထန်းတောကျေးရွာအုပ်စု သပြင်ဆောင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေး  ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မြို့နယ်သစ် တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဆင်တလင်းကျေးရွာအုပ်စု ဆင်တလင်းဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုနိုင်ရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထားပြီး သစ်ပင်စိုက်ပျိုး လိုစိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုး ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က တိပိဋက ကမ္ဘောဇဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Subscribe to