နမ္မတူ ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက်(၆)နာရီအချိန်က ကပ်ထားကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၆၉ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၆၃ ဒဿမ ၃၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ(၁၀၉)ဦးရှိသည့်အနက် ၆၉ ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၆၃ ဒဿမ ၃၀ ရာခိုင်နှုန်းရှိပြီး (၃)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ စုစုပေါင်းဂုဏ်ထူးရဦးရေ ၂၀ ဦး၊ ဂုဏ်ထူးရာဘာသာရပ်အလိုက် မြန်မာစာဂုဏ်ထူးရှင် ၁ ဦး၊ ရူပဗေဒဂုဏ်ထူးရှင် ၄ ဦး၊ ဇီဝဗေဒဂုဏ်ထူးရှင် ၁၀ ဦး၊ ဘောဂဗေဒဂုဏ်ထူးရှင် ၁၀ ဦး စုစုပေါင်း ၂၅ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)