ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဗန်းမော်    ဇွန်     ၁၀

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက နည်းပညာတက္ကသိုလ်(ဗန်းမော်)၌ ပျိုးပင်ပေါင်း(၁၂ဝဝ)ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်တို့က ပျိုးပင်များကိုဖြန့်ဝေပေးပြီး နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ်  ဒေါက်တာဇော်ဝင်းနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဗန်းမော်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မော်ဦးနှင့်ဝန်ထမ်းများလူမှုရေးအသင်းအဖွဲ့များက ကျွန်း(၂၀ဝ)ပင်၊ ပျဉ်းကတိုး(၂၅၀)ပင်၊ ရေ(၂၅၀)ပင်ယမနေ(၁၅၀)ပင်မဟော်ဂနီ(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ မယ်ဇယ်(၅၀)ပင်၊ယင်းမာ(၅၀)ပင်နှင့် ကညင်(၅၀)ပင်စသည့် စုစုပေါင်းပျိုးပင်(၁၂၀၀)ပင်တို့ကို သတ်မှတ်နေရာအသီးသီး၌ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းနှင့် သစ်ပင်များစိုက်ပျိုးအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)