ဖားကန့် ဇွန် ၁၀
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပသည်။
ယနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ကျွန်း (၂၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ တောင်တမာ(၁၀၀)ပင်၊ မျောက်ငို(၁၀၀)ပင်၊ ခရေ(၂၀)ပင်၊ ကံ့ကော်(၂၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ ယင်းမာ(၃၀)ပင်နှင့် ယမနေ(၆၀) ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၅၀၀)ပင်တို့ကို စိုက်ပျိုး ပျိုးထောင်ခဲ့ပြီး အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်စိုက်ပျိုးခဲ့သူ စုစုပေါင်း(၅၂)ဦး စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ခြင်းကို ဒေသစိမ်းလန်းစိုပြေစေရေး၊ ရေအရင်း အမြစ် ရရှိရေးနှင့် မြေဆီလွှာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် သီတဂူ စက္ခုဒါနဆေး ရုံဝင်း၊ ဥရုချောင်းအနီး မြို့ပြအိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းစုပေါင်း အိမ်ယာဝင်း အပြင်လမ်း၊ ယူမာကျေးရွာ ဥရုချောင်းအနီး ကမ်းနားလမ်းတို့တွင် ပျိုးပင်မျိုးစုံပေါင်း (၆၀၀)ပင်တို့ကို စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
ယခုနှစ်အတွင်း ဖားကန့်မြို့နယ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း နှစ်သောင်းနှင့် စိုက်ခင်းအနေဖြင့် (၉၈၄၉)ပင် စုစုပေါင်း (၂၉၈၄၉)ပင် ရှိသည့်အနက် လူထုဖြန့်ပျိုးပင် (၅၈၇၁)ပင် ဖြန့်ဝေခဲ့ပြီး သီးနှံသစ်တောရောနှောစိုက်ခင်း (၁၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၄)ဧကနှင့် ရေဝေရေလဲ စိုက်ခင်း (၁၅)ဧက စုစုပေါင်း (၂၉)ဧကတို့တွင် ပျိုးပင်မျိုးစုံပေါင်း (၉၈၄၀)ပင်ထိ စိုက်ပျိုးခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ပျိုးပင်မျိုးစုံပေါင်း (၁၂၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း သစ်တောဦးစီးပိုင် စိုက်ခင်း (၇၇)ဧကတွင် ပျိုးပင်ပေါင်း (၁၇၄၂၀) ပင်နှင့် လူထုဖြန့်အနေဖြင့် ပျိုးပင် (၁၅၀၀၀)ပင် စုစုပေါင်း (၃၂၄၂၀)ပင်တို့ကို ပျိုးထောင်ထားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)