ပူတာအို ဇွန် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုတွင် သစ်တောဦးစီးဌာနကကြီးမှူးကျင်းပသော ၂၀၂၃-ခုနှစ် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကျိုးပြု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် (၁၀) ရက် နံနက် (၇) နာရီက ပူတာအို-မချမ်းဘော-နောင်မွန်းကားလမ်းပေါ်ရှိ ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးခေါင်လန်ဒီး၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီး သိန်းဆွေညွန့် ၊ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းရှိန်၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်တို့က စိုက်ပျိုးမည့်အပင်များကို တာဝန်ရှိသူများထံဖြန့်ဝေပေးအပ်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ကျေးရွာနေပြည်သူများက သတ်မှတ်ထားသောနေရာများတွင် သစ်အယ်အပင်(၅၀၀)၊ ရေပိတုန်းအပင်(၅၀၀)၊ ပျဉ်းကတိုးအပင်(၁၀၀)၊ လောက်ယားအပင်(၁၀၀)၊ တောင်တမာအပင်(၂၀၀)၊ မန်ဂျန်ရှား အပင်(၁၀၀)စုစုပေါင်းအရိပ်ရအပင်(၁၅၀၀)ပင်ကို တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရအပင်ပေါင်း(၁၅၀၀)ပင်ကို ကျောင်းဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက်စိုက်ပျိုးပေးခဲ့ကြသည့်အပြင် သစ်မျိုးစုံပါဝင်သည့် အပင်ပေါင်း (၃၀၀၀) အား ဌာနဆိုင်ရာများ၊ပြည်သူများထံအခမဲ့ဖြန့်ဝေပေးခဲ့သည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပထမအကြိမ်အနေဖြင့် ဇွန်လ (၁) ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းဝင်းတွင် အပင်ပေါင်း (၅၀၀) ကိုစိုက်ပျိုးခဲ့ကြပြီး ယနေ့ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သည် ဒုတိယအကြိမ်အနေဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
(ပူတာအို)
ခရိုင် (ပြန်/ဆက်)