ရွှေဘို ဇွန် ၁၀
ရာသီဥတုညီညွတ်မျှတစေရန်၊ အေးမြသောအရိပ် အာဝါသရရှိစေရန်၊ သစ်၊ တိုင်၊ မျောထင်းစ သည်အခြေခံလိုအပ်ချက် များဖြည့်စည်းပေးနိုင်ရန်၊ သဘာဝဝန်းကျင်နှင့် ဂေဟစနစ်ထိန်းညှိရန်၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန်ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ရှိဌာန ဆိုင်ရာရုံးအသီးသီးတွင် ဝန်ထမ်းများစုပေါင်းကာ ယမန်နေ့နံနက်ပိုင်း ကတမာပင်များစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါဌာနဆိုင်ရာ ရုံးပေါင်းစုံတွင်စိုက် ပျိုးနိုင်ရန်တမာပင် (၄၀၀၀) ဖြန်းဝေထားပြီး၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးနှင့်ဒုခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးများ ဝန်ထမ်းများစုပေါင်းကာတမာပင်များစိုက်ပျိုးခဲ့ကြပြီး၊ အလားတူအခြားဌာနဆိုင်ရာ ရုံးအသီးသီးတွင် လည်းတာဝန်ရှိသူများဦးဆောင်ကာတစ်မာပျိုးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သစ်တောဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးရန်၊ ပျိုးပင်များကို "အခမဲ့"ဖြန့်ဝေရန်၊ ယူကလစ်၊ ကုလားကုက္ကိုလ်၊ မြန်မာကုက္ကုလ်၊ မယ်ဇလီ၊ ဗန်ဒါ၊ မယ်ဇယ်၊ ရေတမာ၊ ပိတောက်၊ စိန်ပန်းနီ၊ တမာစသည့်သစ်ပျိုးပင်စုစုပေါင်း(၃၀၀၀၀)ပျိုးထောင်ထားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်